မအူပင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြေစိုက်ပိုစတာ စိုက်ထူ

မအူပင်  မတ် 5

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို လူစည်ကားသည့် နေရာများဖြစ်သည့် ရေလဲလမ်း၊ မြို့ရှောင်လမ်းထိပ်နှင့် ကမ်းနားလမ်းနာရီစင်အနီးတွင် ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ကြသည်။

အဆိုပါ‌ မြေစိုက်ပိုစတာစိုက်ထူခြင်းအား မအူပင်ခရိုင် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၈၂) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ မအူပင်မြို့နယ်မီးသတ်စခန်း ဖုန်းနံပါတ်နှင့် (၃)ရပ်ကွက် နယ်မြေမီးသတ်စခန်းဖုန်းနံပါတ်များ ပါဝင်သည့် မြေစိုက်ပိုစတာအား စိုက်ထူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)