သတင်းများ

ရပ်စောက်မြို့မဈေးတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Mar 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရပ်စောက်မြို့ပိုင် စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်သည့်အနေဖြင့် မီးငြှိမ်းသတ်မှုနှင့် လက်တွေ့လေ့ကျင့်ခြင်းများအား ယနေ့နံနက် (၉) နာရီအချိန်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငဖဲမြို့နယ် ပင်ဦးကျေးရွာ၌ ကညွတ်ပင်များ စိုက်ပျိုးရောင်းချပြီး မိသားစုစီးပွားရေး အဆင်ပြေ
Mar 05,2023
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပင်ဦးကျေးရွာသည် ငဖဲ-စေတုတ္တရာကားလမ်းဘေးတွင် တည်ရှိ၍ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး ရွာ၏အရှေ့ဘက်ကိုင်းမြေ ၁ ဧကတွင် မြေအောက်ရေကိုအသုံးပြု၍ ကညွတ်ပင်များ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး  မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ကညွတ်ပင်များ စိုက်ပျိုးရောင်းချသူ ပင်ဦးကျေးရွာမှ တောင်သူ ဒေါ်လဲ့လဲ့ဝင်းထံမှ သိရသည်။
ပြည်မြို့နယ်အတွင်းရှိ အခြေခံပညာစာစစ်ဌာန ကျောင်းများအား "မီးဘေးလုံခြုံရေး" ကွင်းဆင်းစစ်ဆေး အကြံပြုဆွေးနွေး
Mar 05,2023
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ အခြေခံပညာ စာစစ်ဌာနကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများအဖွဲ့က ယမန်နေ့ကစတင်၍ "မီးဘေးလုံခြုံရေး" ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်
Mar 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်ပန်းချီပညာရှင်တို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန ၌ ယနေ့နံနက် ၉ နာရီ က နွေရာသီ အခြေခံပန်းချီ သင်တန်း(အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် တောင်သူလယ်သမားများအတွက် လက်တွေ့စိုက်ပျိုးရေး နည်းစနစ်များနှင့် အိမ်တွင်းဖြစ် မြေသြဇာပြုလုပ်နည်း သင်တန်းဖွင့်လှစ်ပို့ချ
Mar 05,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် တောင်သူလယ်သမားများ စိုက်ပျိုးရေးနည်းစနစ်များနှင့် အိမ်တွင်းစီးပွားဖြစ် မြေသြဇာ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့စိုက်ပျိုးရေးဦးစီးဌာနရုံး မြို့မကေစီခန်းမ၌ စိုက်ပျိုးရေး တက္ကသိုလ်ဆရာကြီး ဦးသိန်းဆုက ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ
Mar 05,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သစ္စာဓိဌာန် မုနိဟန် ရုပ်ရှင်တော်မြတ် ဘုရားကြီးတွင် (၃၁)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ငွေဆွမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်
Mar 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် နှောကုန်းကျေးရွာရှိ သစ္စာဓိဌာန် မုနိဟန် ရုပ်ရှင်တော်မြတ်ဘုရားကြီးတွင် (၃၁)ကြိမ်မြောက် အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲနှင့်ငွေဆွမ်းလောင်းလှူပွဲ အခမ်းအနားကို တပေါင်းလပြည့်နေ့ ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့ အနန္တဇိနလောကချမ်းသာစေတီတော်မြတ်ကြီး ဌာပနာသွင်းလှူပူဇော်ပွဲ ကျင်းပ
Mar 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ လွိုင်ဆိုင်တောင်၊ မဟာထူပါရုံတောရကျောင်း၊ အောင်တော်မူ ကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော အနန္တဇိနလောက ချမ်းသာစေတီတော်မြတ်ကြီး ဌာပနာသွင်းလှူပူဇော်ပွဲကို ၁၃၈၄ ခုနှစ် ၊ တပေါင်းလပြည့်နေ့ ယမန်နေ့ နံနက်(၈)နာရီက ကျင်းပသည်။