Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
Mar 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့စာစစ်ဌာန၌ ၂ဝ၂၂-၂၀၂၃ ခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့၌မြို့နယ် ကြက်ခြေနီအသင်းနှင့် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံပွဲ ကျင်းပ
Mar 07,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ဗဟိုကြက်ခြေနီအသင်းရုံးချုပ်မှ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် ပြည်နယ်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ တပ်ဖွဲ့ဝင်များတွေ့ဆုံပွဲကို မတ်လ ၇ ရက်နေ့ ညနေ၃နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (၁၇၂)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ၂၀၂၃ခုနစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ သနပ်ပင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(သနပ်ပင်)စာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူ(၁၇၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၁၃)ခုတွင် စာမေးပွဲဖြေဆိုရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ယနေ့နံနက် ၈ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ အခြေခံနွေရာသီသင်တန်းများဖွင့်လှစ်
Mar 07,2023
ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှစ်ခိုးကျောင်း၌ နွေရာသီအခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ၂၀ ဦးဝင်ရောက်ဖြေဆိုမည်
Mar 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ် ၈ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ ၂၀ ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (BookClub) အဖွဲ့တို့ပူးပေါင်းပြီး မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (TalkShow) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးအတွက် စာစစ်ဌာနကျောင်းများ၌ ကြိုတင်ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး
Mar 07,2023
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် မတ်လ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရန်နှင့် ကျောင်းသား/သူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနကျောင်းများအား ကွင်းဆင်းပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀နာရီမှ ၁၂နာရီထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16547
Page
16548
Page
16549
Page
16550
Current page
16551
Page
16552
Page
16553
Page
16554
Page
16555
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department