လှည်းကူးမြို့နယ်တွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

လှည်းကူး မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (BookClub) အဖွဲ့တို့ပူးပေါင်းပြီး မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (TalkShow) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေး (TalkShow) ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (TalkShow) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (BookClub) အဖွဲ့ဝင် ဒေါ်သင်းသင်းဆွေက မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မသန်စွမ်းသူများနှင့် ဆက်ဆံရမည့်နည်းလမ်းများ၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး စသည့်အကြောင်းအရာများကို ဆွေးနွေးကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ ဆက်)