ညောင်ဦးမြို့နယ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများကွင်း ဆင်းစစ်ဆေး
Mar 07,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ (၈)ရက်နေ့တွင် နိုင်ငံတဝှမ်း ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာနှင့်လုံခြုံစိတ်ချစွာ ဝင်ရောက်ဖြေဆိုနိုင် ရေးအတွက် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ရာ ပြင်ဆင်ထားရှိမှုအခြေ အနေများကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များနှင့်တာ ဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။