သတင်းများ

ဟုမ္မလင်းမြို့၊ မြို့မစျေးရှေ့၌ မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဆောင်ရွက်
Mar 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့မစျေးရှေ့တွင် မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ နေလယ်(၁၂)နာရီအချိန်က ကျင်းပရာ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းမင်းထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးအောင်ကျော်တင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ရဲထွန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တောင်ကြီးမြို့တွင် Renewable Energy အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်
Mar 07,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Renewable Energy အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
ဝဥဈေးများ ပြန်လည်မြင့်တက်လာ၍ ဝဥလုပ်ကိုင်သူများ အဆင်ပြေ
Mar 07,2023
တောင်ပေါ်ဒေသများတွင် အများဆုံးစိုက်ပျိုးလေ့ရှိသည့် ဝဥဈေးများ ပြန်လည်မြင့်တက်လာ၍ ဝဥလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အေးချမ်းစွာဖြေဆိုနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန်က အထက(၁)ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၆)ခုတွင် ကျောင်းသား/ကျောင်းသူ (၃၇၄)ဦး ဖြေဆိုမည်
Mar 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၃၇၄)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ လူငယ်ဖွံ့ဖြိုးရေးသင်တန်းများဖြစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသင်တန်းနှင့် Physical fitness Dance သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြား
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ လူငယ်ဖွံ့ဖြိုးရေးသင်တန်းများဖြစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသင်တန်းနှင့် Physical fitness Dance သင်တန်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လွိုင်ကော်မြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Mar 07,2023
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အနာဂတ်ရိက္ခာ စာဖတ်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Mar 07,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် အနာဂတ်ရိက္ခာ စာဖတ်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် (၁၂) နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။