သတင်းများ

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေး
Mar 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအား ဇီဝဆိုင်ရာအချက် အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဘောလခဲခရိုင်အတွင်းရှိ ဝန်ထမ်းများအား ထောက်ပံငွေများပေးအပ်
Mar 07,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဘောလခဲခရိုင်အတွင်းရှိ ဝန်ထမ်းများအား ဆန်၊ ဆီ စားသောက်ကုန်များဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း(၀၂း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့၌ သတင်းသုံးတော်မူသော နိုင်ငံတော် ဘွဲ့တံဆိပ် ဆပ်ကပ်ချီးမြှင့်ခံရသည့် သံဃာတော် အရှင်သူမြတ်နှစ်ပါးအား ကြိုဆိုဂုဏ်ပြုခြင်း ဆောင်ရွက်
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွှေရေးဆောင်ကျောင်းတိုက်မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊   အဂ္ဂမဟာမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော် သံဝရာဘိဝံသသည် နိုင်ငံတော်မှ ထပ်မံဆက်ကပ်ချီးမြှင့်သော အဂ္ဂမဟာသဒ္ဒမ္ဓ ဇောတိကဓဇဘွဲ့အား ယူဆောင်၍ နေပြည်တော်မှလည်းကောင်း၊ ငါးသိုင်း‌ချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ သာသနာ့အလင်းရောင် ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ဩဘာသသည် နိုင်ငံတော်မှချီးမြှင့်‌သော ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား ယူဆောင်၍ ပုသိမ်မြို့မှလည်းကောင်း အသီးသီး ပြန်လည်ကြွချီလာရာ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ မြို့နယ်သာသနာရေးမှူး၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများသည် ယမန်နေ့ညနေ (၁၆:၀၀)နာရီအချိန်က ရေကြည်မြို့၊ ပိတောက်ချောင်လမ်းဆုံမှစ၍ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Mar 07,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းခြင်းကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ဒိုက်ဦးမြို့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများသို့ သွားရောက်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
မိုင်းတုံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Mar 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊မိုင်းတုံမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊‌ ကျောင်းသူများ စာမေးပွဲဖြေဆိုရန်  ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော်နှင့်အဖွဲ့၊ ခရိုင်ရဲမှူး ဝင်းမြင့်ထွန်းနှင့်အဖွဲ့  ခရိုင်လဝကနှင့်အဖွဲ့၊ ခရိုင်ပညာရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့နှင့်  မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
မာန်အောင်မြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်
Mar 07,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ Plus Change Maker (ကျွန်းရွာ) တာဝန်ခံဆရာ ဦးအောင်မြင့်သူမှ ဦးဆောင်ပြီး နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယနေ့နေ့လယ် ၁၂ နာရီက စတင်ဖွင့်လှစ်ပို့ချလျက်ရှိသည်။
လှည်းကူးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ စာစစ်ဌာန(၇)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ(၁၁၀၅)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၇)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ(၁၁၀၅)ဦးတို့က ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နမ္မတူမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့်ဇာတ်တိုက်လေ့ကျင်ခြင်း ဆောင်ရွက်
Mar 07,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့်  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။