သနပ်ပင် မတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ၂၀၂၃ခုနစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ သနပ်ပင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(သနပ်ပင်)စာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူ(၁၇၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သနပ်ပင်မြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းရှိပြီး ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စားပေးပွဲကို (သနပ်ပင်)စာစစ်ဌာနတစ်ခုသာထားရှိမည်ဖြစ်ပြီး အတွင်းဖြေ (၉၃)ဦး၊ အပြင်ဖြေ (၇၉)ဦး စုစုပေါင်း (၁၇၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စာမေးပွဲအတွင်းအပြင် ကြီးကြပ်ရေးမှူးများနှင့် ဆရာ/ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အထောက်အကူပြု အဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှမိုး(ပြန်/ ဆက်)