ဟင်္သာတမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး

ဟင်္သာတ မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၁၃)ခုတွင် စာမေးပွဲဖြေဆိုရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ယနေ့နံနက် ၈ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြ​သည်။

အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးယူဏီယံအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြိုနယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများက ဟင်္သာတမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန(၁၃)ခု ဖွင့်လှစ်ဆောင်ရွက်မည့် ကျောင်းများရှိ ပတ်ဝန်းကျင်နှင့် စာသင်ဆောင်၊ စာသင်ခန်းအတွင်း/အပြင်  ပြင်ဆင်ထားရှိမှု၊ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းများ မီးဘေးအန္တရာယ် ကင်းရှင်းစေရန် လျှပ်စစ်မီးကြိုးများ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေသိုလှောင်ကန်များ၊ မီးသတ်ဆေးဗူး ထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ကိုဇော် - ဟင်္သာတ