မိုင်းယန်း မတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ် ၈ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ ၂၀ ဦးရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် စာစစ်ဌာနများကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းယန်း)နှင့် အရံစာစစ်ဌာနအနေဖြင့် အခြေခံပညာအလယ်တန်းကျောင်း (ဈေးတန်း)တို့တွင် ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။ မိုင်းယန်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၃)ဦးနှင့် အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး စုစုပေါင်း(၂၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)