တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ပလောက်  မတ် ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့စာစစ်ဌာန၌ ၂ဝ၂၂-၂၀၂၃ ခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင် နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် စိုးသိမ်းမြင့်၊ နယ်‌မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး ဦးပြည်ဟိန်းကျော်နှင့် ဆရာ/ ဆရာမများက ပလောက်မြို့စာစစ်ဌာနတွင် စာ‌မေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မီးလောင်မှုနှင့် မီးလန့်မှု မဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေးအတွက် ကျောင်းဆောင်ခန်းအပြင် မီးသတ်ဆေးဘူးများထားရှိမှုနှင့် မီးသတ် ဆေး‌ဘူးများ  သက်တမ်းကုန်ဆုံးခြင်းရှိ/မရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ စာသင်ခန်းများ အတွင်း/အပြင် သန့်ရှင်မှုရှိ/မရှိ၊ စာသင်ခုံ တန်းများ ခိုင်ခံမှုရှိ/မရှိ စသည့်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပလောက်မြို့ အခြေခံပညာအထက်တန်း ကျောင်းစာစစ်‌ဌာနတွင် ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရမည့် ကျောင်းပြင်ပဖြေ ကျား(၂၁) ဦး၊ မ(၆၃) ဦး၊ စုစုပေါင်း (၈၄)ဦးတို့သည် မတ်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဝင်ရောက်ဖြေဆိုကြမည် ဖြစ်ကြောင်းသိရသည်။

နှင်းမြူလွင်