မိုးမောက် မတ်လ ၇
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် မတ်လ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရန်နှင့် ကျောင်းသား/သူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနကျောင်းများအား ကွင်းဆင်းပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀နာရီမှ ၁၂နာရီထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်း၏ စစ်ဆေးရာ၌ အ.ထ.က(မိုးမောက်) စာစစ်ဌာနသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေး စာဖြေခန်းများ လေဝင်လေထွက် ကောင်းမွန်ရေး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ စာမေးပွဲဖြေဆိုနေစဉ်ကာလ မီးလန့်မှု မီးလောင်မှုများ မဖြစ်စေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက် ထားရှိရေးနှင့် ကျောင်းတွင်း ကျောင်းပြင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရေး ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ကျ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
မိုးမောက်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၃၂၇) ဦးရှိကြောင်းနှင့် (အ.ထ.က)မိုးမောက် စာစစ်ဌာနတွင် ပြင်ပဖြေဆိုသူ (၁၅၅)ဦးရှိပြီး ၊ (အ.ထ.က)မြို့သစ် စာစစ်ဌာနတွင် ပြင်ပဖြေဆိုသူ(၁၄၈)ဦး၊ အတွင်းဖြေ(၂၄)ဦးတို့ အသီးသီး ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ပါကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်