တောင်ကြီးမြို့တွင် Renewable Energy အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

တောင်ကြီး မတ် ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Renewable Energy အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

အသိပညာပေး Talk Show တွင် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးစိုးနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးချမ်းဟိန်းတို့က စွမ်းအင်၏အရေးပါပုံ၊ ပြန်လည်ပြည့်ဖြိုးမြဲ၊ ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်အကြောင်း၊ Renewable energy အကြောင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်မှ ဆွေးနွေးခြင်း၊ Renewable energy ကို လက်ခံအားပေးသင့်သည့်အချက်များ၊ ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်သည့်အချက်များစသည်တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Renewable Energy အကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးမှုများကို ပြည်သူများ အလွယ်တကူကြည့်ရှုလေ့လာနိုင်စေရန်အတွက် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Taunggyi နှင့် Community Centre Taunggyi Facebook Page တို့တွင် ပြည့်ပြည့်စုံစုံ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း