ဟုမ္မလင်းမြို့၊ မြို့မစျေးရှေ့၌ မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဆောင်ရွက်

ဟုမ္မလင်း မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့မစျေးရှေ့တွင် မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဆောင်ရွက်ခြင်းကို  ယမန်နေ့ နေလယ်(၁၂)နာရီအချိန်က ကျင်းပရာ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးအောင်ကျော်တင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ရဲထွန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ  မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး  ဦးဇော်ထွေးနိုင်က မီးသတ်ဆေးဘူး အသုံးပြုပုံ ရှင်းပြရာတွင် ပင်ကိုဖြုတ်၊ ဖြန့်မည်နေရာကို ချိန်/ညစ်ပြီးဖြန့်၊ မီးတောက်ရာ ခြေရင်းမှ မီးသတ်ဆေးဘူးဖြန်းရမည် တစ်နည်း အားဖြင့် အဝတ်ဆိုဖြင့်လည်း ဖုံးအုပ်နိုင်ကြောင်း စသည့်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်ကြသော တာဝန်ရှိသူက လက်တွေ့သရုပ်ပြသပြီး၊ စျေးသူ/သားများ ကိုယ်တိုင် အသုံးပြု တတ်စေရန် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်မီးသတ် ကားနှင့် စည်ပင်ကားများက မြို့မစျေးအမိုးပါးပေါ်သို့ ရေများပတ်ဖျန်းခြင်း၊ မြို့မစျေးအတွင်းသို့ ဆိုင်ခန်းများ အား မီးလောင်/မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ် တားဆီးရေး လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)