သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရပ်ဝေးဒေသမှ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား စားသောက်ကုန်နှင့် အဟာရဖြည့်စွက်စာများထောက်ပံ့
Mar 08,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် မတ်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် သုမေဓါရာမကြားတောရကျောင်းတိုက်သို့ ရောက်ရှိတည်းခိုနေထိုင်သော ရပ်ဝေးကျောင်းသား၊ ကျောင်းသူများအား သွားရောက် တွေ့ဆုံအားပေး၍ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။       
ခိုလမ်မြို့ရုံး၊ (Community Centre) ခန်းမ၌ ရေကျောက်ရောဂါအကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရေကျောက်ရောဂါအကြောင်း အသိပညာပေး (Talk Show) ကို Online စနစ်ဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွည်၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲသာ-ကမော့ကစင်-နောင်ခလိုင်-ကျောက်ကလပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Mar 08,2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ရဲသာ-ကမော့ကစင်-နောင်ခလိုင်-ကျောက်ကလပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ရေနံချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခမဲ့ အခြေခံရုံးသုံး ကွန်ပျူတာသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်
Mar 08,2023
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့ အခြေခံရုံးသုံး ကွန်ပျူတာသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်
Mar 08,2023
သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာများသိရှိပြီး ကိုယ်တိုင်လိုက်နာဆောင်ရွက်ရုံသာမက ရပ်ရွာအတွင်းရှိ ပြည်သူလူထုထံသို့ သဘာဝဘေးလျော့ပါးရေး အသိပညာများအား ဆင့်ပွားဖြန့်ဝေပေးနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲ အခမ်း အနားကို မြဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် မတ်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ ဆင်သေချောင်း ယာယီထိန်းဆည်မှ ရေများစတင်ပေးဝေ
Mar 08,2023
ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ ဆင်သေချောင်း ယာယီရေထိန်းဆည်မှ ကွင်းအမှတ် ၁၆၂၃ ကွင်းနှင့် ၁၆၂၄ ကွင်းအတွင်းရှိ စိုက်ဧကများသို့ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ရေများပေးဝေလျက်ရှိသည်။
ငဖဲမြို့နယ် သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ကျင်းပ
Mar 07,2023
လူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယနေ့နံနက် ၉ နာရီအချိန်က လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ရာ ဒုမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ပြင်ဦးလွင်မြို့နယ်ရှိ စာစစ်ဌာန (၃)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၁၆၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်
Mar 07,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ(၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ဦးလွင်မြို့နယ်မှ ကျောင်းသား/ ကျောင်းသူ(၂၁၆၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။