မိုးကုတ် မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အေးချမ်းစွာဖြေဆိုနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂:၀၀)နာရီအချိန်က အထက(၁)ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က မတ်လ(၈)ရက်နေ့တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် လုံခြုံရေး၊ ကျန်းမာရေး၊ မီးဘေးအန္တရာယ်များဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား လုပ်ငန်းညှိုနှိုင်းအစည်းအဝေးတွင် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မူမူဆွေက စာမေးပွဲစည်းကမ်းချက်များ၊ ဘာသာရပ်အလိုက် အချိန်ဇယား၊ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ တစ်ပါးတည်းယူဆောင်လာရေးနှင့် သက်ဆိုင်ရာဆရာ/ဆရာမများ ကြီးကြပ်ရေးတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကျော်သူရွှေက လုံခြုံရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးကလုံခြုံရေးအတွက် ဆောင်ရွက်ထားသည်များ ပြန်လည်တင်ပြခဲ့ပြီးမြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဆောင်ရွက်ရမည့်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)