လွိုင်ကော်မြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

လွိုင်ကော် မတ် ၇

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ ကယားပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ကလေးအလုပ်သမားများဖြစ်ရခြင်း အဓိကအကြောင်းအရင်းများမှာ စားဝတ်နေရေးအခက်အခဲများ၊ ရွေ့ပြောင်းနေထိုင်မှုများပိုမိုများပြားလာခြင်း၊ အလုပ်အကိုင်ခက်ခဲခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များသည် အရေးကြီးသောကြောင့် အန္တရာယ်ရှိသည့်လုပ်ငန်းများမှ ကလေးလုပ်သားများဖယ်ရှားခြင်း၊ စေခိုင်းသူကို ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း၊ လိုအပ်သလိုညွှန်းပို့စနစ်ဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားများ မဖြစ်ပေါ်စေရေးအတွက် ကလေးသူငယ်များအားလုံး ပညာသင်ကြားခွင့်နှင့် ပံ့ပိုးပေးနိုင်မည့် အစီအစဉ်များ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ကော်မတီဝင်များက သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင်  ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူး ဦးအေးကျော်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသော ကော်မတီဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ အသီးသီး ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဇင် (ပြန်/ ဆက်)