သတင်းများ

ငရုတ်ကောင်းမြို့၌ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက ငရုတ်ကောင်းမြို့ (အ.ထ.က)၊ စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၉၀)ဦး ရှိကြောင်း သိရသည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 08,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရေးနှင့် ဓာတ်အားလိုင်း အပြည့်အဝ သုံးစွဲနိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် ဓာတ်အားလိုင်းများနှင့် ထရန်စမော်များ တိုးချဲ့တပ်ဆင်ဆောင်ရွက်
Mar 08,2023
ကချင်ပြည်နယ်၊  ဗန်းမော်ခရိုင်၊    မိုးမောက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊  ကျေးရွာများတွင် လျှပ်စစ်မီးလင်းရေးနှင့် လျှပ်စစ်ဓာတ်အား    အပြည့်အဝသုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်းများ တိုးချဲ့သွယ်တန်းခြင်းလုပ်ငန်းများနှင့် ထရန်စမော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု  အခြေအနေများအား မြို့နယ်တာဝန်ရှိသူများက မတ် ၆ ရက် ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ မြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ပ ဓာနသဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ဆက်ကပ်ခံရသော ဆရာတော် ဘဒ္ဒန္တသူရိယ မထေရ်မြတ်အား ဂုဏ်ပြုကြိုဆို
Mar 08,2023
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ၌ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင် ရာဘွဲ့ တံဆိပ် ချီးမြှင့် ခံရသောမြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ဆရာတော် ကြီးသည် မတ်လ ၆ ရက်နေ့ ညနေပိုင်းအချိန်က မြောက်ဦး မြို့သူ/သားများနှင့် ဒကာ၊ ဒကာမများတို့မှ မြို့တစ်ပတ် လှည့်လည် ဂုဏ်ပြု ပူဇော်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃ခုနှစ်) အကြို အထိမ်းအမှတ် မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်များ ထောက်ပံ့ပေးအပ်
Mar 08,2023
မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Myanmar Health Sciences Conference 2023)အကြို အထိမ်းအမှတ်အဖြစ် မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်များထောက်ပံ့ပေးအပ်ပွဲကို ထားဝယ်မြို့၊ ရတနာမာန်အောင် သီလရှင်စာသင်တိုက်၌ ယမန်နေ့က ကျင်းပသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇) ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံ
Mar 08,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၇)ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းသား/ သင်တန်းသူများ တွေ့ဆုံသြဝါဒခံယူခြင်းကို မတ်လ ၆ ရက် နေ့လယ်၂ နာရီက သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)သင်တန်းခန်းမ၌ ကျင်းပဆောင်ရွက်သည်။
မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌ပေချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ညနေ (၃)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများအား သွားရောက်ကြည့်ရှု
Mar 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများအား ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။