မိတ္ထီလာမြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ လူငယ်ဖွံ့ဖြိုးရေးသင်တန်းများဖြစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသင်တန်းနှင့် Physical fitness Dance သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြား

မိတ္ထီလာ မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ လူငယ်ဖွံ့ဖြိုးရေးသင်တန်းများဖြစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသင်တန်းနှင့် Physical fitness Dance သင်တန်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ချိန် အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်၊ မိမိတို့ဝါသနာပါသည့် အားကစားနည်းတစ်ခုခုကို လေ့လာသင်ယူနိုင်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်အတွက် လူငယ်ဖွံ့ဖြိုးရေးသင်တန်းများဖြစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသင်တန်းနှင့် Physical fitness Dance သင်တန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မတ်လ ၆ ရက်နေ့မှ ၂၄ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသင်တန်းကို နေ့စဉ် နံနက် ၈ နာရီမှ ၉ နာရီအချိန်အထိ သင်ကြားပေးလျက်ရှိပြီး မြန်မာ့ရိုးရာသိုင်းသင်တန်းကို နံနက် ၉ နာရီအချိန်မှ ၁၀ နာရီအချိန်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ၎င်းအပြင် Physical fitness Dance သင်တန်းကို ညနေ ၃ နာရီအချိန်မှ ၄ နာရီအချိန်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယင်းအပြင် ပန်းချီစိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်မှာ အခြေခံပန်းချီရေးဆွဲနည်းပညာ လေ့လာသင်ယူနိုင်စေရန်အတွက် မတ်လ ၂၀ ရက်နေ့မှစတင်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကိုလည်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)