ဥတ္တရသီရိမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၆)ခုတွင် ကျောင်းသား/ကျောင်းသူ (၃၇၄)ဦး ဖြေဆိုမည်

ဥတ္တရသီရိ မတ် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန()ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၃၇၄)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား(၃၀)ဦး၊ ကျောင်းသူ(၀)ဦး၊ ပေါင်း(၇၀)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (တောင်ညို) စာစစ်ဌာနတွင် ကျောင်းသား (၃၁)ဦး၊ ကျောင်းသူ(၃၉)ဦး၊ ပေါင်း(၇၀)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ငန်းစပ်) စာစစ်ဌာနတွင် ကျောင်းသား (၄၉)ဦး၊ ကျောင်းသူ(၈၂)ဦး၊ ပေါင်း(၁၃၁)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(မင်းကုန်း) စာစစ်ဌာနတွင် ကျောင်းသား(၁၁)ဦး၊ ကျောင်းသူ(၁၉)ဦး၊ ပေါင်း(၃၀)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(သရက်တော) စာစစ်ဌာနတွင် ကျောင်းသား(၂၅)ဦး၊ ကျောင်းသူ(၃၅)ဦး၊ ပေါင်း(၆၀)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(မိုးစွေ )စာစစ်ဌာနတွင် ကျောင်းသား(၆ဦး၊ ကျောင်းသူ(၇)ဦး၊ ပေါင်း(၁၃)ဦး၊ တစ်မြို့နယ်လုံးအတွင်းရှိ စာစစ်ဌာန()ခုတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား(၁၅၂)ဦး၊ ကျောင်းသူ(၂၂၂)ဦး၊ စုစုပေါင်း(၃၇၄)ဦးတို့မှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)