သတင်းများ

ပြည်တက္ကသိုလ်ပါမောက္ခချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ အုတ်ဖိုမြို့စာစစ်ဌာနများအား လှည့်လည်ကြည့်ရှု
Mar 15,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် သက်ဆိုင်ရာတာ၀န်ရှိသူများမှ ယနေ့နံနက် ၁၀ နာရီအချိန်က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ဒေသထွက် ကိုကိုးသီးများမှ ထုတ်လုပ်‌သော ကုန်ချောပစ္စည်းများကို ဈေးကွက်တိုးချဲ့ ဖြန့်ဖြူးရောင်းချသွားမည်
Mar 15,2023
မြန်မာနိုင်ငံတောင်ဘက်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ဒေသမြို့တမြို့တည်းတွင် ထွက်ရှိသည့် ကိုကိုးအသီးမှ ထုတ်လုပ်ရရှိသည့် ချောကလက်နှင့် ဆက်စပ်ကုန်ပစ္စည်းများကို တခြားမြို့နယ်များကိုပါ စတင်၍ တိုးချဲ့ဖြန့်ဖြူး‌ ရောင်းချသွားမည်ဖြစ်ကြောင်း ကလိန်အောင်မြို့ရှိ အောင်ဇမ္ဗူကိုကိုးထုတ်လုပ်‌ ရောင်းချသူ ဦးနေလင်းအောင်၏ ပြောပြချက်အရ သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၄၉၄၄ ဦးရှိ
Mar 15,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၅၃၃ ဦး ရှိပြီး စာမေးပွဲတွင် ဘောဂဗေဒဘာသာရပ်လာရောက်ဖြေဆိုသူစုစုပေါင်း ၄၉၄၄ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၉ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 15,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၁၄၆၄ ဦးရှိ
Mar 15,2023
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၅၇၉ ဦးရှိပြီး စာမေးပွဲတွင် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၁၄၆၄ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၂ ဒသမ ၇၂ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Mar 15,2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့(World Consumer Rights Day (2023) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့်‌ ဘောဂဗေဒဘာရပ်ကို (၁၁၈၀) ဦး ဝင်ရောက်ဖြေဆို
Mar 15,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ယနေ့နံနက်(၉)နာရီအချိန်က စာစစ်ဌာန(၂) ခုတွင် ကျောင်းသား/ကျောင်းသူပေါင်း (၁၁၈၀)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စစ်တုရင်သင်တန်းအခမဲ့ဖွင့်လှစ်
Mar 15,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးတို့ဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ စစ်တုရင်သင်တန်းကို အခမဲ့ဖွင့်လှစ်သည်။