သတင်းများ

တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆို
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်တို့အား အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ ပျော်ရွှင်အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။
မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်းတွင် စာဖတ်ဝိုင်းကျင်းပ
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ရုံးခန်းတွင် ယမန်နေ့က နတ်သျှင်နောင်(ရွှေဂူ)ရေးသားသော “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ပခုက္ကူမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Mar 15,2023
၂၀၂၃ခုနှစ်၊ မတ်လ၂၇ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို
သရက်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 15,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား (၇၈)နှစ် မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ မွန်းတည်း(၁၂)နာရီက သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝ
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့အ.ထ.က(၁)ကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ
Mar 15,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီအချိန်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မိုးမိတ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုပြီးစီးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။