တောင်တွင်းကြီး မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ယနေ့နံနက်(၉)နာရီအချိန်က စာစစ်ဌာန(၂) ခုတွင် ကျောင်းသား/ကျောင်းသူပေါင်း (၁၁၈၀)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က (ဆတ်သွား)ကျောင်းတို့တွင် ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၄၃၇)ဦး၊ ကျောင်းသူ (၇၄၃)ဦး စုစုပေါင်း (၁၁၈၀)ဦး ရှိပြီး ယနေ့ဖြေဆိုမှုတွင် ဖြေဆိုရန် ပျက်ကွက်သူမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်