မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဦး မတ် ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ မြောက်ဦးမြို့နယ်အတွင်းရှိ ရေသန့်လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား သောက်သုံးရန် သင့်/မသင့် ကွင်းဆင်းစစ်ဆေးကြရန်၊ ပူပြင်းခြောက်သွေ့သောနွေရာသီ ရောက်ရှိလာပြီဖြစ်၍ စားသောက်များသို့ သွားရောက်၍ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေးရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ မိမိတို့ရုံးဌာနအလိုက် တစ်ပတ်လျှင်တစ်ကြိမ် ရုံးပတ်ဝန်းကျင်ကို သန့်ရှင်းလှပအောင် လုပ်ဆောင်ကြရန်စသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း  တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုချိန်တွင် မသာမာမှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာဌာနများတို့ ပူးပေါင်း၍ လုပ်ဆောင်ကြရန် တို့ကိုပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်း လုပ်ဆောင်လျက်ရှိသည်တို့ကို ပြောကြားခဲ့သည်။ ပြီးနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)