နေပြည်တော် မတ် ၁၅
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၅၇၉ ဦးရှိပြီး စာမေးပွဲတွင် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၁၄၆၄ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၂ ဒသမ ၇၂ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် စာစစ်ဌာန ၄ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၄၅ ဦးရှိကာ ဖြေဆိုသူ ၃၃၅ ဦး ရှိပြီး ပျက်ကွက် ၁၀ ဦး၊ လယ်ဝေး မြို့နယ် စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၆၇ ဦး ရှိကာ ဖြေဆိုသူ ၁၅၂ ဦးရှိပြီး ပျက်ကွက် ၁၅ ဦး၊ တပ်ကုန်းမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၇၆ ဦး ရှိကာ ဖြေဆိုသူ ၁၆၀ ဦး ရှိပြီး ပျက်ကွက် ၁၆ ဦး၊ ဥတ္တရသီရိမြို့နယ်စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၅၈ ဦးရှိကာ ဖြေဆိုသူ ၅၄ ဦးရှိပြီး ပျက်ကွက် ၄ ဦး၊ ဒက္ခိဏသီရိမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၉ ဦး ရှိကာ ဖြေဆိုသူ ၂၅ ဦး ရှိပြီး ပျက်ကွက် ၄ ဦး၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန ၅ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၃၈ ဦး ရှိကာ ဖြေဆိုသူ ၂၂၅ ဦး ရှိပြီး ပျက်ကွက် ၁၃ ဦး၊ ဇမ္ဗူသီရိမြို့နယ် စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၅၉ ဦးရှိကာ ဖြေဆိုသူ ၂၃၅ ဦး ရှိပြီး ပျက်ကွက် ၂၄ ဦး၊ ဇေယျာသီရိမြို့နယ် စာစစ်ဌာန ၄ ခု ၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၀၇ ဦးရှိကာ ဖြေဆိုသူ ၂၇၈ ဦး ရှိပြီး ပျက်ကွက် ၂၉ ဦး၊ စုစုပေါင်း စာစစ်ဌာန ၃၉ ခု တို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၆၄ ဦးတို့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)