ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၄၉၄၄ ဦးရှိ

နေပြည်တော် မတ် ၁၅

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၅၃၃ ဦး ရှိပြီး စာမေးပွဲတွင် ဘောဂဗေဒဘာသာရပ်လာရောက်ဖြေဆိုသူစုစုပေါင်း ၄၉၄၄ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၉ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် စာစစ်ဌာန ၄ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၃၁ ဦး ရှိကာဖြေဆိုသူ ၈၃၁ ဦး ရှိပြီး ပျက်ကွက် ၁၀၀ ဦး၊ လယ်ဝေး မြို့နယ် စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၃၀၈ ဦး ရှိကာ ဖြေဆိုသူ ၁၁၈၉ ဦး ရှိပြီး ပျက်ကွက် ၁၁၉ ဦး၊ တပ်ကုန်းမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇၄၉ ဦး ရှိကာ ဖြေဆိုသူ ၆၇၅ ဦး ရှိပြီး ပျက်ကွက် ၇၄ ဦး ၊ ဥတ္တရသီရိမြို့နယ်  စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၁၆ ဦးရှိကာ ဖြေဆိုသူ ၂၉၅ ဦး ရှိပြီး ပျက်ကွက် ၂၁ ဦး ၊ ဒက္ခိဏသီရိမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၅၂ ဦးရှိကာ ဖြေဆိုသူ ၁၄၆ ဦး ရှိပြီး ပျက်ကွက် ၆ ဦး၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန ၅ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇၄၆ ဦး ရှိကာ ဖြေဆိုသူ ၆၇၁ ဦး ရှိပြီး ပျက်ကွက် ၇၅ ဦး၊ ဇမ္ဗူသီရိမြို့နယ် စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇၉၅ ဦး ရှိကာ ဖြေဆိုသူ ၆၆၂ ဦး ရှိပြီး ပျက်ကွက် ၁၃၃ ဦး ၊ ဇေယျာသီရိမြို့နယ် စာစစ်ဌာန ၄ ခု ၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၅၃၆ ဦး ရှိကာ ဖြေဆိုသူ ၄၇၅ ဦး ရှိပြီး ပျက်ကွက် ၆၁ ဦး ၊ စုစုပေါင်း စာစစ်ဌာန ၃၉ ခု တို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၄၄ ဦးတို့  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)