သတင်းများ

နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်
Mar 16,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့
မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းပို့ချမံကိန်း ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းပို့ချ
Mar 16,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များ ဆက်လက်ဖြေဆို
Mar 16,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ပလောက်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးကြသည့် ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရည်များပေးဝေ
Mar 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အ.ထ.က ပလောက်စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးကြသည့် ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရည်များပေးဝေခြင်းကို ယမန်နေ့နေ့လယ် (၁၂)နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ဆင်းရွှေကြာ(၂)နေကြာ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း
Mar 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆင်းရွှေကြာ(၂) နေကြာစိုက် တောင်သူများအနေဖြင့် နေကြာသီးနှံထွက်ရှိချိန်တွင် အထွက်နှုန်းကောင်းပြီး စျေးကောင်းရ၍ အဆင်ပြေနေကြောင်း သိရသည်။
မြင်းခြံမြို့ ချောင်းဒေါင်း(မ) အခြေခံပညာမူလတန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Mar 16,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ချောင်းဒေါင်း(မ) အခြေခံပညာမူလတန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
တကောင်းမြို့တွင် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့်မုန့်များပေးဝေ
Mar 16,2023
တကောင်းမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှစတင် ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုပြီးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အားဖြည့်အချိုရည်နှင့် အာဟာရပြည့်မုန့်များပေးဝေခြင်းကို ယနေ့နေ့လယ် (၁၂)နာရီက တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
မြင်းခြံမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ် လာရောက်ဖြေဆို စုစုပေါင်း (၁၇၁) ဦးရှိ
Mar 16,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ကျင်းပရာ မြင်းခြံမြို့နယ်အနေဖြင့် ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ (၁၅၀) ဦးနှင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ (၁၇၁) ဦးရှိကြောင်း သိရသည်။