သတင်းများ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များ  ဆက်လက်ဖြေဆို
Mar 16,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် နွေရာသီအခြေခံ အားကစားသင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 16,2023
လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာ ကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသော အားကစားသမားကောင်းများ၊ နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့သော ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံ အားကစား သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ယမန်နေ့ မွန်းလွဲ (၁၄)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ထိုးနည်းသင်တန်းဖွင့်
Mar 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်က စီစဉ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ထိုးနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့မယာယီပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၁၀၂၀၀) ပျိုးထောင်း
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့မယာယီပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၁၀၂၀၀)ပင် ပျိုးထောင်းထားရှိပြီး ရပ်ကွက်/ကျေးရွာ၊ ဌာနဆိုင်ရာများ၊ ကျောင်းများအတွင်း ၂၀၂၃ မိုးရာသီကာလတွင်  စိုက်ပျိုးရန် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆိုကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ကမ္ဘာ့စားသုံးသူများအခွင့်အရေးများနေ့ အခမ်းအနားတက်ရောက်
Mar 16,2023
ကမ္ဘာ့စားသုံးသူများအခွင့်အရေးများနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌အ​ခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်လှစ်
Mar 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အ​ခြေခံအင်္ဂလိပ်စာ Grammer သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့၌ ခရိုင်/မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 16,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေး ရေးအဖွဲ့မှ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။