သတင်းများ

မိုင်းယောင်းမြို့၌ ထပ်လုံစေတီတော်ကို စိတ်အေးချမ်းစွာ ဖူးမြော်နိုင်ရန် သန့်ရှင်းရေးလုပ်အားဒါနပြု
Mar 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်ကြီးကို ဘုရားဖူးများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၃ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ပညာရေး၊ လူမှုဝန်ထမ်း၊ ရွေး/ကော်၊ သာထွန်းပြန့်၊ သမဝါယမဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြုခဲ့သည်။
နောင်ချိုမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်များ ဖြေဆိုပြီးစီး
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်များကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အများပြည်သူသုံး ကျေးရွာရေကန်ကြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်အတွက် သောက်သုံးရေလှူဒါန်း
Mar 15,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ကန်နီကြီးကျေးရွာ၊ အိမ်ထောင်စု ၃၃၉ စု၊ လူဦးရေ ၁၆၀၀ ခန့် အမှီပြု သုံးစွဲလျက်ရှိသော ကျေးရွာအမှီပြု​ ရှစ်ဒေါင့်ကန်အမည်ရှိ မြေသားကန်ကြီးအားမိုးအမှီ ကန်ပြန်လည်ဆည်တင်ခြင်း၊ လိုအပ်သည်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာတွင် သုံးရေလိုအပ်ချက်အတွက် ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးနှင့် ကျေးရွာဖွံ့ဖြို့ရေး ဥက္ကဋ္ဌတို့မှ အကူအညီ တောင်းခံလာမှုအရ မတ် ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး သန်းလှိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ် ၁ စီးဖြင့် သောက်သုံးရေ ရေဂါလံ ၁၆၀၀ အား သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများတိုးတက်လာရေးအတွက် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများတိုးတက်လာရေးအတွက် မြို့နယ်ခွဲစည်ပင်သာယာရေးဌာနသို့ စာအုပ်၊ စာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။
ပင်းတယမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုပြီးစီး
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနတစ်ခုဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိသည်။
နွေရာသီအင်္ဂလိပ်စာ သင်တန်းတွင်သင်ကြားနေသော ဆရာမများအား ဆန်နှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center တွင် နွေရာသီအင်္ဂစာသင်တန်း သင်ကြားနေသော ဆရာမများအား ယနေ့နံနက်(၉)နာရီအချိန်က ဆန်နှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကွမ်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အတွဲ(၁)နှင့် အတွဲ(၇) ဘာသာရပ်တို့အား တည်ငြိမ် အေးချမ်းစွာ ဖြေဆိုပြီးဖြစ်
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အတွဲ(၁)နှင့် အတွဲ(၇) ဘာသာရပ်တို့၏ နောက်ဆုံးဘာသာရပ်များဖြစ်သည့် ဇီဝဘာသာနှင့် ဘောဂဗေဒဘာသာရပ်တို့အား
ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။