အုတ်ဖို မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် သက်ဆိုင်ရာတာ၀န်ရှိသူများမှ ယနေ့နံနက် ၁၀ နာရီအချိန်က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်တ္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်၊ ပဲခူးတိုင်းဒေသကြီး (အနောက်)တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးဦးတင်ယုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် အ.ထ.ကအုတ်ဖိုစာစစ်ဌာနတွင် တက္ကသိုလ်၀င်စာမေးပွဲအေးချမ်းစွာ ဖြေဆိုနေသည့်ကျောင်းသား၊ ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ထို့နောက် အ.ထ.ကအေးမြသာယာစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုနေမှုအခြေအနေများအားကြည့်ရှုပြီး အ.ထ.ကအေးမြသာယာ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တွဲဖတ်ဖွင့်လှင့်သွားမည့် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သက်မှတ်စံချိန်စံညွန်းပြည့်မီအောင်ဆောင်ရွက်ရန်နှင့် သက်မှတ်ရက်အတွင်းပြီးမြောက်အောင် ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် စာစစ်ဌာန(၃)ခု၌ ဇီဝဗေဒဘာသာရပ်တွင် စာမေးပွဲဖြေဆိုရန်(၆၁)ဦး စာရင်းပေးသွင်းကြပြီး(၅၇)ဦးနှင့် ဘောဂဗေဒဘာသာရပ်တွင် စာမေးပွဲဖြေဆိုရန်(၂၉၈)ဦး စာရင်းပေးသွင်းကြပြီး (၂၅၇)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)