သတင်းများ

ဘုတ်ပြင်းမြို့တွင်  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရေနှင့် အာဟာရပြည့်မုန့်များပေးဝေ
Mar 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ၊ အထက-ဘုတ်ပြင်းစာစစ်ဌာနတွင်  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူများအား အားဖြည့်အချိုရေနှင့် အာဟာရပြည့် မုန့်များ ဖြန့်ဝေ
ခရိုင်ကလေးသူငယ်အခွင့်အရေးများ‌ဆိုင်ရာ ကော်မတီအစည်းအဝေး (၃/၂၀၂၃) ကျင်းပ
Mar 15,2023
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီ၌ ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Mar 15,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်း တို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံ (ယင်းတော်)ဖွင့်လှစ်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ချီးမြှင့်
Mar 15,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံ(ယင်းတော်)ဖွင့်လှစ်ပွဲ အခမ်းအနားကို မတ်လ(၁၅)ရက်၊ နံနက်(၉)နာရီခွဲက ဒဟုတ်ကုန်းကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာအနီးရှိ အဆိုပါဓာတ်အားခွဲရုံတွင်ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ပဲခူးမြို့ အ.ထ.က(၁)စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်များဝေငှ
Mar 15,2023
ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်စာ‌မေးပွဲအား ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့စာမေးပွဲဖြေဆို​ပြီးချိန်တွင် အ.ထ.က(၁)ကျောင်းရှေ့၌ အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ ကြောင်း သိရသည်။
ထားဝယ်မြို့တွင်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကျင်းပ
Mar 15,2023
စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့ ဟူသည့်ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီမှ ဦးဆောင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသည့် ကျောင်းသား ကျောင်းသူများအား ရွှေရင်အေး အအေးတိုက်ကျွေး
Mar 15,2023
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ ၈ ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝန်း စာစစ်ဌာနအသီးသီးတွင် ပြုလုပ်ကျင်းပဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း လာရောက်ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ရွှေရင်အေး အအေးတိုက်ကျွေးခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူအခွင့်အ‌ရေးများနေ့ (World Consumer Rights Day) အကြောင်းအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Mar 15,2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန မှ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အကြောင်းအသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ပြုလုပ်သည်။