လယ်ဝေးမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲစတုတ္ထနေ့တွင် စာဖြေသံဃာနှင့် သီလရှင်(၈၉)ပါး ဆက်လက်ဖြေဆို

လယ်ဝေး မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ အင်တိုင်းသာကျောင်းတွင် မတ်လ ၂၁ရက်မှစတင်၍ အစိုးရဓမ္မာစရိယစာမေးပွဲစတင်ဖြေဆိုလျက်ရှိသည်။

လယ်ဝေးမြို့ အစိုးရဓမ္မာစရိယစာမေးပွဲစာစစ်ဌာနသည် ယခုနှစ်တွင် ပထမဆုံးစတင်ဖွင့်လှစ်ဖြေဆိုခြင်းဖြစ်ပြီး မတ်လ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖြေဆိုမည်ဖြစ်သည်။ ယနေ့ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာဘာသာ (ဒုတိယနေ့)တွင် သံဃာတော်နှင့် သီလရှင် ၈၉ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကြီးကြပ်ဆရာတော်များ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆွမ်းများနေ့စဉ်ဆက်ကပ် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)