ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို Talk Showဆွေးနွေးပွဲ ဆောင်ရွက်

ဒဂုံမြောက် မတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်‌မြင့်မြင့်ရီက အထိမ်းအမှတ်နေ့များအလိုက် အသိညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စာ‌ရေးဆရာအသင်းမှ ဆရာဦးဟန်သိန်းက တပ်မတော်နေ့ဖြစ်‌ပေါ်လာပုံ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းသည့် သမိုင်းကြောင်း၊ တပ်မတော်၏အစဥ်အလာကောင်း(၁၂)ရပ်၊ တပ်မတော်၏အား(၁၀)ပါး၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သည့် အဖွဲ့အစည်းမရှိမဖြစ်လိုအပ်ပုံတို့ကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love North Dagon Pageနှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ ဆက်)