ခန္တီး မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် (၉)နာရီအချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲကို အဆိုပါ သင်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သူများအား ဆုများအသီးသီးပေးအပ်ကာ ကျောင်းအုပ် ဆရာမ ဒေါ်နှင်းနုငယ်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခန္တီးတပ်နယ်မှူးနှင့် အရာရှိစစ်သည်များ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သင်တန်းသူလေးများ ချုပ်လုပ်ထားသည့် လက်မှုပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းကို (၂၂)ပတ်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)