မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်
Mar 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်း တစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်၊ ပရိတ်သတ်ရှေ့တွင် ရဲဝံ့လိမ္မာစွာ စကားပြောတတ်စေရန်ရည်ရွယ်၍ အထောက်အကူပြုသင်တန်းဖြစ်သည့် အခန်းအနားမှူးသင်တန်းကို မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။