ဟုမ္မလင်းမြို့၌ စာဖတ်သူများထံသို့ စာအုပ်များ ကွင်းဆင်းငှားရမ်းပေး

ဟုမ္မလင်း မတ် ၂၄

စစ်ကိုင်းတိုင်းဒေကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိ သည့် စာဖတ်ဝါသနာရှင်များ စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန် အတွက် နယ်လှည့် စာကြည့်တိုက် Mobile Library စနစ်ဖြင့်  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ ကွင်းဆင်း ငှားရမ်းပေးခဲ့​​ကြောင်း သိရသည်။

အဆိုပါ စာအုပ်များငှားရမ်းပေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ် များနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် စာအုပ်များကို စုံလင်စွာငှားရမ်း ပေးခဲ့ပြီး ထိုသို့ ငှားရမ်းပေးခဲ့သော စာအုပ် များအား တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)