ရွှေဘိုမြို့နယ်မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များ၏ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲကျင်းပ

​ရွှေဘို မတ် ၂၄

လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့် ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာန၊​ လူမှုဝန်ထမ်းဦးစီးဌာန​ရွှေဘိုမြို့နယ် မူလတန်းကြို​ကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူကြိုကလေးငယ်များ၏ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးလတ်ဆက်က အဖွင့်အမှာစကား​ပြောကြားပြီး ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်ကြွယ်ကြွယ်ဝင်းက​ကျောင်းဆင်းပွဲ ပြုလုပ်​ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ခဲ့ပြီး မိဘဆရာအသင်းအဖွဲ့ဝင် တစ်ဦးက​ကျေးဇူးတင်စကား​ ပြန်လည်ပြောကြားကာ မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများအား ဒုမြို့နယ်အုပ်ချုပ်​ရေးမှူး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များက ကျောင်းဆင်း လက်မှတ်များ အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် သားငယ်၊ သမီးငယ်လေးများက ပြည်ထောင်စုအင်အား၊ တိုင်းရင်းသား​တေးသီချင်းများ၊ သင်္ကြန်တေးသီချင်းများဖြင့် ကပြသီဆို​ဖျော်ဖြေဧည့်ခံ ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်