စဉ့်ကိုင် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က၂၀၂၃ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအား ဖွဲ့စည်း ပေးထားသည့် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများအလိုက် စုပေါင်း၍ ဆောင်ရွက်သွားကြရန်၊ သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေး၊ရပ်ကွက်အသီးသီးမှ အကအလှယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေနိုင်ရေး၊ရေကစားကြရန်ရေရရှိရေး၊ဧည့်ခံကျွေးမွေးရေး၊နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားနာယူရန်နှင့် သက်ကြီးပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီး အခမ်းအနားပြင်ဆင်ရေး၊ ရေကစားမဏ္ဍပ်ရေရရှိရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ကော်မတီဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ မှတ်တမ်းပြုစုရေးဖျော်ဖြေရေး၊ ဧည့်ခံကျွေး မွေးရေး၊ ဖျော်ဖြေရေးအဖွဲ့များ၊ ရန်ပုံငွေရှာဖွေရေး ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းပြီးဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနက မိမိတို့ကော်မတီအလိုက် ညှိနှိုင်းပြီးအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေးခဲ့ကြရာဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)