သတင်းများ

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပ
Mar 24,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာ​ရေးဆရာ​မောင်လင်း(ဘာသာပြန်)​ရေးသားသည့် စိတ်ကိုသင်ခြင်း(သို့မဟုတ်) နှလုံးသားထဲ​ရောက်​​အောင်သင်ကြားခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။
လဟယ်မြို့တွင် အမျိုးသမီးအိမ်တွင်းမှု၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅)၊ ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲ ကျင်းပ
Mar 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်-၅၊ ရိုးရာဂျပ်ခုတ်သင်တင်တန်း အမှတ်စဉ်-၁၇ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၀၈:၀၀)နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ကျိုက်လတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက်ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို  ယနေ့နံနက်(၁၀)နာရီခန့်က သာယာဝဲကျေးရွာအုပ်စု၊ ရွှေဘိုစု ကျေးရွာ၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်များအားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးအတွက် စုပေါင်းလေ့ကျင့်မှုများဆောင်ရွက်
Mar 24,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ ဒေသခံလူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးအတွက် မတ်လပထမပတ်မှစ၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်မီတာလေးရာပြည်သူ့အားကစားကွင်းတွင် စုပေါင်းလေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်တော်မြို့ Community Centre ခန်းမ၌ လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး (Talk Show) ပြုလုပ်
Mar 24,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community    Centre ခန်းမ၌ လူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေး  (Talk Show) ကို  ယနေ့နေ့လည် (၂) နာရီအချိန်က အဆိုပါခန်းမအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
ရန်ကင်းမြို့နယ်တွင် မိတ်ဆွေကောင်းနှင့် အနာဂတ်ကောင်း အသိပညာပေး Talk Show ကျင်းပ
Mar 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား/သူ၊ လူငယ်လူရွယ်များ မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းတတ်ပြီး အနာဂတ်ဘဝများ လှပစေရေးအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရင်ခွင်မဲ့ကလေးသူငယ်များ လျော့ချရေးနှင့် သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Mar 24,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရင်ခွင်မဲ့ကလေးသူငယ်များ လျော့ချရေးနှင့်သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ကြံခင်းမြို့နယ် "အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော်မြတ်ကြီး" ရွှေထီးတော်တင်၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Mar 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်နယ်လုံးဆိုင်ရာ "အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော် မြတ်ကြီး" တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း (၃)ရက် နေ့ ယမန်နေ့ နံနက်ပိုင်းက ရွှေထီးတော်တင်၊ ရွှေသင်္ကန်းကပ်လှူခြင်း ဗုဒ္ဓါဘိသေက အနေက ဇာတင်ရေစက်ချ မင်္ဂလာအခမ်း အနားကို ကြံခင်းမြို့နယ် သာသနာ့ ဗိမာန်တော်ကြီးအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။