သတင်းများ

ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ CSR ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးလက်ရေရရှိရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 28,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ CSR ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ ယနေ့နံနက် ၉ နာရီခွဲအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်၌ မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံ သင်တန်း ဖွင့်လှစ်
Mar 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ပြုလုပ်သည်။
အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်
Mar 28,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့ အခြေခံပညာအထက်တန်းကျောင်း သိရိရတနာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၈;၃၀)အချိန်က ကျင်းပပြုလုပ်သည်။
ကျေးသီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
မက်မန်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Mar 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ် လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မက်မန်းမြို့၊ မြို့မအားကစားကွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
ဘားအံမြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 (အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်း) မြို့နယ်အဆင့်ဆွေးနွေးပွဲကျင်းပ
Mar 28,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 (အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်း) မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဘားအံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဘာသာရပ်စွမ်းရည့်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 28,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပသည်။