သတင်းများ

ကျောက်မဲမြို့တွင် ဆရာ/ဆရာမများ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်
Mar 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၃၁)ကျောင်းမှ ပညာသင်ကြားပေးလျက်ရှိသော
ငဖဲမြို့နယ်၌ အခြေခံပညာမူလတန်း ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ ရက်တိုသင်တန်းဖွင့်လှစ်
Mar 28,2023
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးဝန်ထမ်းများအား သင်ကြားမှုစွမ်းရည်တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့်သင် ဆရာ/ဆရာမများအား ဘာသာရပ်အလိုက်စွမ်းရည်မြှင့် မွမ်းမံရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ငဖဲမြို့ အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ခန်းမများတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့တွင် သံဃာအပါး( ၃၅၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Mar 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် သံဃာအပါး (၃၅၀)အား ဆွမ်းဆန်စိမ်းလောင်လှူပွဲကို မက်မန်းမြို့ မင်းရန်အောင်စေတီတော်တွင် ယမန်နေ့က ကျင်းပခဲ့သည်။
သီပေါမြို့နယ်တွင် အသင်းအဖွဲ့ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Mar 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ယနေ့နံနက်(၁၀)နာရီက အသင်းအဖွဲ့ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၃- ၂ဝ၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ မြိတ်မြို့တွင်ကျင်းပ
Mar 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား/သူများအနေဖြင့် ထိရောက်သော သင်ယူမှုများ စဉ်ဆက်မပြတ်ရရှိစေရန်အတွက် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ဘက်တီးရီးယားဌာနစိတ်) သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Mar 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ဘက်တီးရီးယားဌာနစိတ်) သို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
မင်းလှမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပ
Mar 28,2023
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မင်းလှမူလတန်း ကြိုကျောင်း၏၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့် ခြင်းနှင့်ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက မူလတန်းကြိုကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Mar 28,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီ အချိန်က ဆင်ပေါင်ဝဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။