ကျေးသီး မတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် ကျေးသီးမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဥမ္မာဆွေမှ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆောင်ရွက်ချက်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ကျေးသီးမြို့နယ်တွင် မူလတန်းအဆင့် ဆရာ/ဆရာမ(၁၈၃)တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို (၂၈-၃-၂၀၂၃)ရက်နေ့မှ (၃၁-၃-၂၀၂၃)ရက်နေ့အထိ သင်တန်းနည်းပြ ဆရာ/ဆရာမ(၆)ဦးမှ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)