သတင်းများ

မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာမူလတန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ် ၁ အခြေခံပညာအထက်တန်း ကျောင်း မြတ်ပညာခန်းမတွင် ကျင်းပသည်။
မိုးနဲမြို့နယ်၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ ကျင်း
Mar 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပရဟိတလုပ်ငန်းဆောင်ရွက်မည့် အဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ‌နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နောင်တရားမြို့၌ ဖယ်ခုံမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်
Mar 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ဖယ်ခုံမြို့နယ်အတွင်းရှိ အခြေခံမူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သီပေါမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
Mar 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက အခြေခံပညာကျောင်းများ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၊ ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကျင်းပ
Mar 28,2023
၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့၊ ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မုံရွာမြို့တွင် မတ်လ ၂၈ ရက်နေ့မှ မတ် လ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများ ကို စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်
Mar 28,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ အ.ထ.က(၁)သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းအဆင့်ဘာသာရပ်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့​သည်။
မင်းလှမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်
Mar 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် သင်ရိုးသစ်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်း‌ကျောင်း မင်းလက်ဝါးခန်းမ၌ ပြုလုပ်ခဲ့သည်။                                                                              
သာ​ကေတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မူလတန်းအဆင့်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Mar 28,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ သာ​ကေတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မူလတန်းအဆင့်စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်၌ အမှတ်(၂)အခြေခံပညာအထက်တန်း​ကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။