အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ချောင်းဆုံ မတ် ၂၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့ အခြေခံပညာအထက်တန်းကျောင်း သိရိရတနာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၈;၃၀)အချိန်က ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်မှကျောင်းသား/ သူများအားလုံး၏ပညာရေး မြှင့်တင်ရေးကို နိုင်ငံတော်၊ ပညာရေးဌာန၊ ကျောင်းသား/သူများနှင့် မိဘများအားလုံး ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သင်ကြားမည့် ဘာသာရပ်အလိုက် သင်ခန်းစာများအား ဆွေးနွေးပေးခြင်းဖြင့် ဆရာ/ဆရာမတို့၏ သင်ကြားမှုစွမ်းရည်မြင့်မားလာပြီး ကျောင်းသား/သူများ နားလည်မှုစွမ်းရည်သည်လည် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးမျိုးသိုက်က ဘာသာရပ်အလိုက်ဆွေးနွေးပို့ချမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ဦးတင်မျိုးနိုင်မှ သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းပေါင်း ၁၁၁ ကျောင်းမှ ဆရာ/ဆရာမ(၆၉၃)ဦးတို့အား နည်းပြဆရာမ ၂၃ ဦး တို့မှ ဘာသာရပ်အလိုက် သင်ခန်းစာများကို (၂၈.၃.၂၀၂၃)မှ(၃၁.၃.၂၀၂၃)ရက်နေ့ထိ နံနက် ၉:၀၀ မှ ၁၆:၀၀ ချိန်ထိ ၄ ရက်ကြာ သင်ကြားဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ချောင်းဆုံ(ပြန်/ဆက်)