ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ CSR ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးလက်ရေရရှိရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ညောင်ဦး မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ CSR ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ ယနေ့နံနက် ၉ နာရီခွဲအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကြာခတ်တောတဲတိုက် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၂၂-၂၀၂၃(CSR) ခွင့်ပြရန်ပုံငွေ(၇.၀၉၅)သန်းဖြင့် ဆောင်ရွက်နေသည့်  ၂ လက်မ PVC x ၁၇၀၀ ပေ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၂-၂၀၂၃ (CSR) ခွင့်ပြုရန်ပုံငွေ(၄၅.၂၆၅)သန်းဖြင့် ဆောင်ရွက်သည့် ထနောင်းဝန်းအရှေ့ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်း ၄ လက်မ အချင်း GI x ၈၅၀ ပေ၊ စက်ရေတွင်းတူးဖော်ခြင်းနှင့်(  ၅ ပေ ၅ ပေ ၇ ပေ) ရေစက်ရေစက်ရုံ တည်ဆောက်နေမှုအခြေအနေတို့ကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီတို့ဖြင့် စက်ရေတွက်းတူးဖော်ပြီးစီးမှုအခြေအနေများ၊ ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများအားကွင်းဆင်း စစ်ဆေးကြရာ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦးက ‌စတင်ဆောင်ရွက်သည့်အခြေအနေများ၊ ဆောင်ရွက်ဆဲအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများအား ရှင်းလင်းပြောကြားပြီးနောက် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက မြေပြင်ဆောင်ရွက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း