ဆင်ပေါင်ဝဲ မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပသည်။
အဆိုပါ ဘာသာရပ်မွမ်းမံသင်တန်းအား ဆင်ပေါင်ဝဲမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန် မှကြီးကြပ်၍ သင်တန်းနည်းပြ ၁၈ ဦးဖြင့်သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။ ဆက်လက်ပြီး သင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဘာသာရပ်များ သင်ကြားပေးနေသော ဆရာ၊ ဆရာမ (၅၁၄) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ မတ်လ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ (၄) ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)