သတင်းများ

ဖားဆောင်းမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကျင်းပ
Mar 28,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ
Mar 28,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားသိမ်တော်၌ ယနေ့နေ့လယ် (၁၂)နာရီက စတင်ကျင်းပလျက်ရှိရာ ရဟန်း၊ သံဃာ၊ သာမဏေ ၁၇ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ထန်းတပင်မြို့နယ်၌ အခြေခံပညာမူလတန်း(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြင့်မွမ်းမံသင်တန်းဖွင့်လှစ်
Mar 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည်များမြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြင့်မွမ်းမံသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် (၂၆)ကြိမ်မြောက်ပါဠိပထမပြန်စာမေးပွဲနှင့် (၂၅)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
Mar 28,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပါဠိ(၂၆)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂နာရီအချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ခုပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဆင့် ဘာသာရပ်ဆိုင် ရာစွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Mar 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲအခမ်းအနားကို အခြေခံပညာ မူလတန်းလွန်ကျောင်း
ပင်းတယမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်
Mar 28,2023
ရှမ်းပြည်နယ်​(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့နယ်၌ အ​ခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းကို
လှိုင်းဘွဲမြို့နယ် မြို့မဘုန်းတော်ကြီးကျောင်း၌ ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ
Mar 28,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က လှိုင်းဘွဲမြို့မ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့၌ Grade-5 အင်္ဂလိပ်စာ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်
Mar 28,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမများအား Grade-5 အင်္ဂလိပ်စာ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်တွင်  အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။