အောင်လံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ

အောင်လံ မတ် ၂၈

မကွေးတိုင်းဒေကြီး၊ အောင်လံခရိုင် အောင်လံမြို့နယ်၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင် ယနေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါဘာသာရပ်မွမ်းမံသင်တန်းအား မြို့နယ်ပညာရေးမှူး ဦးချစ်လွင်ကကြီးကြပ်၍ သင်တန်းနည်းပြ (၃၃)ဦးဖြင့် သင်တန်းပို့ချပေးလျက်ရှိပြီး သင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် မူလတန်းအဆင့်ဘာသာရပ်များ သင်ကြားပေးနေသော ဆရာ/ဆရာမ(၉၈၉)ဦး တက်ရောက် လျက်ရှိပြီး သင်တန်းကာလမှာ မတ်လ(၂၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)