မက်မန်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မက်မန်း မတ် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ် လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မက်မန်းမြို့၊ မြို့မအားကစားကွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့မအသင်းနှင့် မန်ဝိန်းကျေးရွာအသင်းတို့သည် ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ရာ မန်ဝိန်း အသင်းက မြို့မအသင်းအား (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုပေးပွဲအား ဆက်လက်ကျင်းပခဲ့ရာ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်တွင် ဆုရရှိသည့်အသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် မြို့နယ်  အားကစားပြိုင်ပွဲကျင်းပရေးကော်မတီတို့က ဆုများပေးအပ်ခဲ့ကြသည်။ မက်မန်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများရှိ ဘောလုံးအားကစားသမားများသည် အသင်းသားအချင်းအချင်း စည်းလုံးစွာဖြင့် နေ့ထူး၊ နေ့မြတ်အလိုက် အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း မြို့နယ်အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)