သတင်းများ

ဖြူးမြို့နယ်အတွင်း နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Apr 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီဌာနအနေဖြင့် ပြည်သူများ မကူးစက်နိုင်သေးသောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့်ကုသပေးရေးလုပ်ငန်းများ၊ ကူးစက်နိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းများကို နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကစတင်ကာ ဖြူးမြို့နယ်ကျန်မာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင်ရုံး Community Centre တွင် ခဲပန်းချီနှင့် ရေဆေးပန်းချီပြိုင်ပွဲကျင်းပ
Apr 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံပန်းချီပညာကိုလေ့လာသင်ယူတက်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း၍ ပဉ္စမအကြိမ်မြောက် နွေရာသီ အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သင်ခန်းစာ ဆန်းစစ်မှု ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ
Apr 06,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နဲ့ အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်ရှိ IDPs စခန်း (၆)ခုမှ နေရပ်များသို့ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု (၁၀၀) ကျော်အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများကွင်းဆင်းစစ်ဆေး
Apr 06,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းနေ ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၆ ရက် နံနက် ၈ နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း ၆ ခုမှ ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု (၁၀၀)ကျော်တို့အား မိုင်းနားကျေးရွာရှိ မိုင်းနား KBC ဖွံ့ဖြိုးရေးခြံ IDPs စခန်း၌ အခြေခံစားသောက် ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။
မာန်အောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများအား စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေး
Apr 06,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံး ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအားစာပေဖတ်ရှုမှု အဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက်( အခမဲ့)ငှားရမ်းဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့မွန်လွဲ၁နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။
ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲဝင်(၂) ဦးသန်းဦးနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၁)နာရီ အချိန်က ငပုတောမြို့နယ် ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကမ်းနီကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ (၄)အုပ်စုမှ တောင်သူများအား တွေ့ဆုံခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံး (၆)ခန်းတွဲ (၂)ထပ်ဝန်ထမ်းအိမ်ရာ သစ်ဖွင့်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့် လှစ်ပေး
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံး(၆)ခန်းတွဲ (၂)ထပ်ဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက အဆိုပါအဆောက်အဦရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရေဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Apr 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ ရေဖြူမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများ၊ အဆောက်အဦများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက အလွယ်တကူ မီးငြှိမ်းသတ်ရေးအတွက်ရေဖြူ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦး‌အောင်ကိုမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်ကမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။